University of Computer Studies(Lashio)


ကွန်ပျူတာတက္ကသိုလ်(လားရှိုး) ကျောင်းတည်နေရာနှင့် အကျယ်အဝန်း၊ သမိုင်းအကျဉ်း

  • တည်နေရာ

          • လားရှိုးမြို့နှင့်(၇)မိုင်ကွာဝေးပြီး မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။

  • အကျယ်အဝန်း

          • ၁၁၂.၂၂ ဧက

  • အစိုးရကွန်ပျူတာကောလိပ်စတင်ဖွင့်လှစ်ခဲ့သည့်နေ့

            • ၄.၉.၂၀၀၀

  • ကွန်ပျူတာတက္ကသိုလ်အဖြစ်တိုးမြှင့်ဖွင့်လှစ်ခဲ့သည့်နေ့

            • ၂၀.၁.၂၀၀၇

ရည်ရွယ်ချက်

  • ကွန်ပျူတာ Software နှင့် Hardware ပညာရှင်များ မွေးထုတ် ပေးခြင်း၊ Hardware Design များတီထွင်ပေးခြင်း ၊ တပ်ဆင်ပေး ခြင်း စမ်းသပ်ပေးခြင်း၊ အသုံးချခြင်းများကို လက်တွေ့ ဆောင် ရွက်နိုင်ရန်

  • နိုင်ငံတူကာနှင့် ရင်ဘောင့်တန်းနိုင်သော သတင်းအချက်အလက် နှင့် နည်းပညာကို တိုးတက်စေရန်

Carousel imageCarousel imageCarousel imageCarousel imageCarousel image

တက္ကသိုလ်၏မျှော်မှန်းချက်များ

  • လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျပြုစုပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံနှင့် လူမျိုး၏အကျိုးကို သယ်ပိုးထမ်းရွက်နိုင်မည့် အရည်အချင်း ပြည့်ဝသော ICT ပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များ ပြုစုပျိုးထောင်မွေးထုတ်ပေးရန်။

  • လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့်

  • သင်ကြား ရေးနှင့် သုတေသနနယ်ပယ်များတွင် နိုင်ငံတကာအဆင့်သို့ ရောက်ရှိလာစေရန်နှင့် နိုင်ငံတကာအဆင့်မီတက္ကသိုလ်တစ်ခုအဖြစ်သို့ အမြန်ဆုံးလျှောက်လှမ်းနိုင်စေရန်

တက္ကသိုလ်၏ လုပ်ငန်းတာဝန်များ

  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် … အထောက်အကူဖြစ်စေမည့် … ကွန်ပျူတာလက်တွေ့အသုံးချ လုပ်ငန်းခွင် ဝင်ရောက်နိုင်သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရေး ဆောင်ရွက်သွားရန်

  • ICT နယ်ပယ်များတွင် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများအား ရယူဆောင်ရွက်နိုင်မည့် အရည်အသွေးများပြည့်မှီသော ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်

  • ICT နယ်ပယ်နှင့်ကွန်ပျူတာအသုံးချသုတေသနလုပ်ငန်းများအား နိုင်ငံတကာ နှင့် ရင်ဘောင်တန်းလာနိုင်ရေး ဆောင်ရွက်သွားရန်

  • ဒေသခံပြည်သူများကြား ICT နှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာဗဟုသုတများ ပိုမိုတိုးပွားလာစေရေး ဆောင်ရွက်သွားရန်

  • တက္ကသိုလ်အားရှေးဦးစွာ အာဆီယံဒေသအဆင့်၊ ထိုမှတဆင့် အာရှဒေသအဆင့်၊ ထို့နောက် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်တစ်ခုအဖြစ်သို့ လျာထားကာလများအတွင်း တိုးမြှင့်အကောင်အထည်ဖော်လာနိုင်စေရေး ဆောင်ရွက်သွားရန်

Contact

7 Miles from Lashio, Between Mel-Han & Loi-Lwam villages, on Mandalay-Lashio Union road, Lashio

+9595262633

contact@ucslashio.edu.mm

Monday - Friday, 09:00 AM - 04:00 PM